အိမ်ထောင်လုံးနံနက်သီချင်း (ဆာ ၁၀၇း၄၁-၄၃)
လာကြလော့၊ အိမ်သူအိမ်သားများ၊ ကျေးဇူးတော်အောက်မေ့ကြ စို့။
အ န န္တ မ ဟာ က ရု ဏာ၊ စု ရုံးလျက်သီ ချင်း သံ ချို။
ဤ နံနက်ခါ ၊ ဤနံနက်ခါ၊ ပြိုင်လျက်သီဆိုကြကုန်စို့။
ကောင်းကင်ဘုံ၊ မြေကြီးအရာကို၊ ဖန်ဆင်းသောဘုရားအရှင်၊
ကျွန်တို့ဆင်းရဲသောနေရာသို့၊ ကြွလာပါမည်လော၊ သခင်။
အို-ကျေးဇူးရှင်၊ အို-ကျေးဇူးရှင်၊ ကြွလာတော်မူပါ၊ သခင်။
ရှေး ကာလ၌ မိုက်မဲခြင်းဖြင့်၊ ဖုံးလွှမ်းလျက်နေကြပါ ပြီ။
ဘုန်းနှင့်ပြည့်စုံသော ကယ်တင်ခြင်း၊ ရှေးကာလမကြားမသိ။
ထို ကယ်တင်ခြင်း၊ ထိုကယ်တင်ခြင်း၊ ဝမ်းမြောက်ဖွယ်သိတင်းဖြစ် ၏။(အာမင်)
ယေရှု၏အသွေးတော်အားဖြင့်၊ တို့အပြစ်များကိုဖြေရှင်း၊
အားနည်းသောသူကိုကယ်မခြင်း၊ ပေးသနား၊ အိုကျေးဇူးရှင်။
ကောင်းကင်ဘုံ၌၊ ကောင်းကင်ဘုံ၌၊ စုဝေးခြင်းပေးပါ၊ အာမင်။
Comments
Post a Comment